Huawei U8825D ကို Root လုပ်နည်း

အခုပြောပြပေးမှာကတော့ Huawei U8825D ကို root လုပ်နည်းဖြစ်ပါတယ်။ U8825D ဟာ အရင်က ထုတ်ခဲ့တဲ့ Huawei ဖုန်းတွေလို တိုက်ရိုက် root တန်းလုပ်လို့မရတော့ပါဘူး။ Huawei ဆိုက်မှ bootloader ကို unlock လုပ်ခွင့်ပေးမှ root လုပ်လို့ရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ U8825D အတွက် bootloader unlock ကို လုပ်ခွင့်ပေးလိုက်ပါပြီ။
၁။ Bootloader unlock code တောင်းနည်း
-                   Bootloader unlock code တောင်းရန် Huawei official ဆိုက်သို့သွားပါ။

ွGmail ထဲသို့ unlock code ပို့ပေးပါလိမ့်မယ်။ unlock code ရပြီဆိုရင် bootloader unlock လုပ်လို့ရပါပြီ။
၂။ Bootloader unlock လုပ်နည်း
- Bootloader unlock လုပ်တာဟာ ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေပျက်သွားနိုင်သောကြောင့် contact/ SMS တွေကို back up ယူထားပါ။ 
- လိုအပ်သော U8825D driver နှင့် unlockbootloader ကိုဒေါင်းပါ။
- U8825 driverရဲ့ rar ဖိုင်ကို ဖြေပြီး computer ပေါ်တွင် install လုပ်ထားပါ။
- ဖုန်းကို setting/application/fast boot ကို off ထားပါ။ setting/security/unknown sources ကို အမှန်ခြစ်ထားပါ။ setting/ developer options/usb debugging ကို အမှန်ခြစ်ထားပါ။
- ဖုန်းကို ပိတ်ပြီး volume down + power ကို ၁၀ စက္ကန့်လောက်နှိပ်ပြီး fast boot mode ၀င်ပါ။
- ဖုန်းနှင့် computer ကို usb ကြိုးဖြင့် ချိတ်လိုက်ပါ။ 
- unlockbootloader ရဲ့ rar ဖိုင်ကိုလည်း ဖြေပြီး အထဲမှ U8825_unlockbootloader.exe ကို run လိုက်ပါ။
- email မှ ပို့ထားသော unlock code ကိုရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ဖုန်း reboot ကျသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ bootloader unlock လုပ်လို့ပြီးပါပြီ။
၃။ CWM recovery သွင်းနည်း
- CWM recovery ကိုဒေါင်းပါ။

- CWM recovery ရဲ့ rar ဖိုင်ကို ဖြေပြီး အထဲမှ recovery6.0.1.2_AscendG330D.exe ကို နှိပ်လိုက်ပါ။ အောက်ပါပုံပေါ်လာပါလိ့မ်မယ်။
- Enter ၁ ချက်နှိပ်လိုက်ပါ။ အောက်ပါပုံ ကျလာပါလိမ့်မယ်။ 
- နံပါတ် ၁ ကိုရွေးပြီး enter ခေါက်ချလိုက်ပါ။ ဖုန်းဟာ reboot ကျသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ CWM recovery သွင်းလို့ ပြီးပါပြီ။
၎။ Root လုပ်နည်း
- Root လုပ်ရန်လိုအပ်သော Root_U8825D.zip ကိုဒေါင်းပါ။
- ဒေါင်း၍ ရလာသော Root_U8825D.zip ဖိုင်ကို sd card ထဲထည့်ပါ။ 
- ဖုန်းကို volume up + power ကို ပြိုင်တူ ၁၀ စက္ကန့်လောက် နှိပ်၍ CWM recovery mode သို့ဝင်ပါ။
- ပြီးလျှင် install zip from sdcard > choose zip from sdcard > Root_U8825D.zip ကို update လုပ်ပါ။
- main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ ပြန်တက်လာရင်တော့ super user လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ...........
 
super su တော့ တက်တယ်ဗျ. ဒါပေသိ super user right or
root access တော့မရပါ.ငါ့အစ်ကိုရေ ကျေးဇူးပြုပြီးကူညီပါဦးနော်
Reply
super su.apk ကို version မြင့်တာ install ထပ်လုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ 

Credit:Mr.Android

1 comment:

  1. u8825d pattern lock ကျသွားလို. mmapp မှာကdownlock link ကသေနေလို.ဆွဲလို.မရဘူးဖြစ်နေတယ် ကူညီပါအုံး

    ReplyDelete

9/6/12

1 comments:

kyawgyi on November 28, 2012 at 3:44 AM said...

u8825d pattern lock ကျသွားလို. mmapp မှာကdownlock link ကသေနေလို.ဆွဲလို.မရဘူးဖြစ်နေတယ် ကူညီပါအုံး

Post a Comment