.part1.rar, .part2.rar ဖိုင်တွေ ခွဲနည်း ၊ ပေါင်းနည်း
အရင်ဆုံး .part1.rar, .part2.rar စတဲ့ အပိုင်းခွဲနည်းကိုဆွေးနွေးပါမယ်..
step{ 1 } desktop ပေါ်မှာ folder တစ်ခုထုတ်လိုက်ပါ.
step{ 2 } အဲဒီ folder ကိုဖွင့်ပြီး  မိမိခွဲမည့် name.exe program ကိုထည့်လိုက်ပါ။
step{ 3 } name.exe program ပေါ် မှာ Right Click \ Add to Archive... ကို click လိုက်ပါ။
step{ 4 } Archive name and parameters box ပေါ်လာရင်အောက်ကကျနော်ဝိုင်းပေးထားတဲ့နေရာမှာ မိမိ ခွဲချင်တဲ့ .exe ရဲ့ ဆိုဒ်အလိုက် တန်ဖိုးထည့်ပေးရပါမယ်. ( ဥပမာ...အခု ကျနော်က Firefox Setup 9.0.1.exe ကို ခွဲပြမှာဆိုတော့ သူ့ ဆိုဒ်က 14.5 MB ရှိတဲ့အတွက်  5 MB ဆိုပြီး တန်ဖိုးရေးပေးပါမယ်.) အောက်ပုံ -
step{ 5 } အခုဆိုရင် မိမိခွဲချင်တဲ့ Firefox Setup 9.0.1.exe ကို  .part1.rar, .part2.rar ,.part3.rar, .part4.rar ဆိုပြီး  .rar ဖိုင် အဖြစ်ခွဲထားလိုက်ပြီးဖြစ်ပါတယ်. အောက်ပုံ -
အခုထပ်ပြီးဆွေးနွေးမှာက အထက်မှာကျနော်ခွဲပေးခဲ့ပြီးဖြစ်တဲ့ .part1.rar, .part2.rar စတဲ့ ဖိုင်တွေကို မည်သည့်နေရာကဘဲ ရသည်ဖြစ်စေ မူလ Setup.exe software file ကိုရရှိအောင်ပြုလုပ်တဲ့ နည်းဖြစ်ပါတယ်. ( ဥပမာ. အပေါ်က ကျနော် ခွဲထားခဲ့တဲ့ .rar ဖိုင် တွေကို မူလ Firefox Setup 9.0.1.exe အတိုင်း ပြန်ရအောင် ပေါင်းပေးပါမယ် ).
step{ 1 } မိမိတို့ မှာရှိနေတဲ့ အပိုင်းအပိုင်းဖြစ်နေတဲ့ .rar ဖိုင်တွေကို folder တစ်ခုထဲမှာထားလိုက်ပါ.ပြီး ရင် အောက်ကပုံလေးအတိုင်း name.part1.rar ပေါ်မှာ Right Click \ Extract here ကို Click လိုက်ပါ။
step{ 2 } အခုဆိုရင် မိမိတို့ ရဲ့ အပိုင်းပိုင်းဖြစ်နေတဲ့ .part1.rar, .part2.rar စတဲ့ ဖိုင်တွေကို ပြန်လည်ပေါင်းစည်းခဲ့ပြီးဖြစ်ပါတယ်. အောက်ပုံ -
 ဒီလောက်ဆိုရင် ဘလော့မိတ်ဆွေများ နားလည်သဘောပေါက်မယ်ထင်ပါတယ်.
ကျေးဇူးတင်ပါတယ်...
0 comments:
Huawei U8861,U8818,U8812 ကို ROOT လုပ်မယ်။ မြန်မာဖောင့်ထည့်မယ်။
ကျွန်တော့်ကို မေးလာတဲ့အကိုနှစ်ယောက်သုံးယောက်လောက် ရှိလို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။ ROOT လုပ်ဖို့ တင်ပေးလိုက်ပါတယ်။ အရင်ဆုံးတော့ မိမိကွန်ပျူတာမှာ Driver ရှိရပါမယ်။ မရှိတဲ့သူများ အောက်မှာ ယူသွားလိုက်ပါ။
 ပြီးလျှင် USB Debugging နဲ့ Unknown Source ကို ဖုန်းရဲ့ Setting > Application > မှာUnknown Source ကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးလျှင် Development ထဲ ထပ်ဝင်ပါ။ USB Debugging ကို အမှန်ခြစ်ပေးပါ။ ပြီးလျှင် Application > Fast Boot ကို On ပေးထားလျှင် offပြန်လုပ်ပါ။
ပြီးလျှင် ဖုန်း Power ကို ပိတ်လိုက်ပါ။ ပိတ်ပြီးလျှင် Volume Down ( - ) + Power ကို ဖိထားပါ။Boot loader မှာ  ရပ်နေပါမယ်။ ရပ်နေလျှင် မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။
ပြီးလျှင် အောက်မှာ လိုအပ်တဲ့ Super Recovery ကို Download ဆွဲလိုက်ပါ။ ကျွန်တော် နှစ်နေရာ တင်ပေးထားပါတယ်။ အဆင်ပြေတဲ့လင့်ခ်ကနေ Download သွားပါ။
Super Recovery Click  ( Mediafire Link )
Super Recovery Click  ( Drop Box Link )
ပြီးလျှင်မိမိကွန်ပျူတာတွင် .rar ဖိုင်လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ install-superrecovery-windows.batဖိုင်လေးကို Run လိုက်ပါ။
ပြီးလျှင် Phone Battery ကို ဆွဲဖြုတ်လိုက်ပါ။ ပြီးလျှင် ပြန်တပ်ပြီး Power တန်းမဖွင့်ပါနှင့်။ Volume Up + Power ကို ခဏဖိထားလိုက်ပါ။Android အရုပ်လေးတက်လာပြီး အလုပ်လုပ်နေပါမယ်။
ခဏနေရင် Recovery Mode လေး တက်လာပါမယ်။ Recovery Mode တက်လာပြီးလျှင် အဲမှာ Reboot System Now ကို ရွေးပေးလိုက်ပါ။ Power ခလုတ်အသုံးပြုပြီး ရွေးပေးပါ။
ဒါဆို စက်က Reboot ပြန်ကျသွားပြီး ပြန်တက်လာလျှင် Application List ထဲမှာ Super su ဆိုတဲ့ Icon လေး တွေ့ရလျှင် ROOT လုပ်တာ အောင်မြင်သွားပါပြီ။
Keyboard သွင်းနည်း
အရင်ဆုံး အပေါ်ကဖိုင်လေးကို Download ချလိုက်ပါ။ ပြီးလျှင် Install လုပ်လိုက်ပါ။ ပြီးလျှင် ဖုန်းရဲ့ Setting > Language & Keyboard > မှာ MyanDroid Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေ။
2 comments:
Huawei U8812 Root လုပ်နည်း
                Gtalk ကနေ ko Torres မေးထားလို့ ရှာဖြေပေးလိုက်ပါတယ်ဗျာ...
Huawei U8812 Root လုပ်နည်း လေး ကို ပြောပြပါမယ်။Huawei U8812 ဟာ 800 MHz ဖုန်းမှာ ပထမဆုံး official 4.0.3 သုံးနိုင် တဲ. ဖုန်း တစ်လုံးဖြစ်ပါတယ်။
CPU 1GHz , OS Version 4.0.3 , Screen Size  3.5 inches , Font Camera 1.2 M, Main Camera 3.2 MP,Internet Memory 2GB ပါဝင် ပါတယ်။
ရုပ်ထွက် အားဖြင့် ကောင်းမွန် တဲ. ဖုန်းတစ်လုံး ဖြစ်သလို ဈေးနူန်းအား ဖြင့်သင့်တင့်ပါတယ်။
အရင် ဆုံး Huawei  Driver ကို Download ဆွဲပါ။
ဖုန်းမှာ USB debugging ,unknown sources ကို On ပေးပါ။Fast boot ကို On နေလျှင် Off လုပ်ပေးပါ။
ပြီးလျှင် Phone ကို Power ပိတ်ပါ။Power ပိတ်ပြီး လျှင် 10s လောက် စောင့်ပါ။
ပြီးလျှင် VOL DOWN + POWER ကို နှိပ် ပါ။Bootloader ရပ်နေ ပါလိမ်မယ် ။ပြီးလျှင် USB ကြိုး ကို ချိတ်လိုက် ပါ။
ပြီးလျှင် Recovery Super Click.zip ကို Download ဆွဲပါ။
ပြီးလျှင် Zip ဖိုင် ကိုဖြည့်ပါ။ Folder ထဲမှ
install-superrecovery-windows.bat ကို Run လိုက်ပါ။ပြီးလျှင် ဖုန်းကို Battery ဆွဲဖြုတ်လိုက်ပါ။
Battery ပြန်တပ်ပါ။VOL UP +POWER ကို နှိပ်ပါ ။ Android အရုပ်လေး တက်လာပြီး အလုပ်လုပ်နေ လိမ်.မည်။
5s လောက် ကြာလျှင် Recover Mode တက်လာလိမ့်မည် ။Recovery MODE မှ Reboot System Now ကို နှိပ်ပါ။
Root လုပ်တာ ပြီးဆုံး သွားပါပြီး။ဖုန်းပြန်တက် လာလိမ့်မည်။Super Su ဆိုတဲ. application လေးတွေရ လျှင် Root လုပ်တာ အောင်မြင် သွားပါပြီး။
Font တည်.နည်း လေးထပ်ပြော ပါမယ် ၊မသိတဲ.သူတွေ လဲ သိသွားအောင် ပေါ့နော်။
MMAS FontChanger Download ဆွဲရန်
MMAS က ရေးထားတဲ. FontChanger ကို Install လုပ်ပါ။ပြီးလျှင် Fontchanger ကိုဖွင့်ပါ။
Superuser ကို Grant ကို နှိပ်ပါ။ပြီးလျှင် ဇော်ဂျီဖောင့်ပြောင်းရန် ကို နှိပ်ပါ။
Restart ကျသွား ပါလိမ်မည်။ဒါဆို Myanmar font ရသွားပါပြီးခင်ဗျာ။Huawei U8861,U8818 နဲ. Root လုပ်တာခြင်း အတူတူပါပဲ ပြင်ဆင်ပြီး တင်ပေးလိုက်ပါတယ်။
အောင်မြင် ကြပါစေခင်ဗျာ။
2 comments:
8/24/12
8/14/12