Showing posts with label Using Internet tutorials. Show all posts

Facebook တွင် အထူးရှောင်ရှားရမည့် လုပ်ဆောင်ချက်များ

လက်တလော Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈ဝ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။
၁။ Friend Request
Friend Request လုပ်တိုင်း ဒီတစ်လော ပြန်မေးတဲ့ မေးခွန်းက သင့် သိလို့လား၊ သိတဲ့သူမှ Add ပါဆိုတာမျိုး ဖြစ်ပါတယ်။ တစ်ခါခါဆို Request Send လို့မရပဲ အထက်ပါကဲ့သို့ စာများသာ ပေါ်ပေါ်လာမှာ ဖြစ်ပါတယ်။ Request Send လို့ရလည်း တစ်ရက်ကို ၂ ယောက်၊ ၃ ယောက်ထပ် ပို မ Add သင့်ပါ။ အဲဒီထက် Add ပြီဆိုရင်တော့ Friend Request လုပ်ခြင်း ၂ ရက်ပိတ်ပါတယ် လို့ စာတန်းပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လည်း ပိတ်ပါတယ်။ တစ်ခါတစ်လေ ၅ ယောက်လောက် Add ပြီးရင် ပေါ်တတ်ပါ တယ်။ Safe အဖြစ်ဆုံး Add နည်းကတော့ ဘေးမှာ Suggest Friend အောက်က ပေးတဲ့ List ကနေ Add တာအကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်တိုင် Search Bar မှာ ရှာပြီး အခြားလူတစ်ယောက်ကို Add မယ်ဆိုရင် အထက်ပါ ပြသနာကြုံတွေ့နိုင်ပါတယ်။
၂။ Comment
တစ်ခါခါ Comment ပေးလို့မရတာ ကြုံရတတ်ပါတယ်။ Comment ပေးလိုက်တိုင်း သင်ပေးတဲ့ Comment ဟာ Spam သို့မဟုတ် အခြား လူတစ်ဦးတစ်ယောက်ကို Personal အရတိုက်ခိုက်ခြင်း မဖြစ်စေရ ဆိုတဲ့ Warning မျိုးပေါ်တတ်ပါတယ်။ အချို က ပေါ်ယုံမကပဲ Comment ပါပေးလို့မရတော့ပါဘူး။ အဲဒီလိုအချိန်ကျရင် Comment မပေးသင့်တော့ပါ။ ယာယီမျှသာ block လုပ်ခြင်းဖြစ်ပြီး နောက်နေ့မှ အရင်လို ပြန်ဖြစ်ပါတယ်။
၃။ Message
Message ပို့တာ အင်မတန် သတိထားရပါမယ်။ လက်ရှိ ပြောင်းလဲနေတဲ့ Policy ကြောင့် Facebook က မတ်ဆေခ်ျ့  ပို့ခွင့် ယာယီ ပိတ်ပင်တတ်ပါတယ်။ အဲဒီအချိန်ကျ ဘယ်လောက်အရေးကြီးကြီး ယင်း Facebook အကောင့်ကနေ Message မပို့တော့ပဲ အခြား အကောင့်များဖြင့်သာ Message ပို့သင့်ပါတယ်။
၎။ Link
Blog နဲ့ Facebook ဆက်စပ်မှု ရှိပါတယ်။ ဆက်စပ်ပုံကတော့ Facebook မှာ Blog ကို သိပ် recommend မပေးပါဘူး။ Fan Page များ အထူးသတိထားရပါမယ်။ Post တင်တိုင်၊ Chat တိုင်း မိမိ Blog ကို ဝင်ကြည့်စေလိုတဲ့အခါ Link လေးတွေ ပေးတတ်ကြပါတယ်။ အဲဒီလိုပေးတဲ့အခါ Facebook က Check bo× ပေါ်လာပြီး လူလား၊ ကွန်ပျူတာလား သိအောင် စာတွေ Bo× ထဲမှာ ရိုက်ခိုင်းပါတယ်။ မှန်အောင်ရိုက်ပြီး အသုံးပြုမယ်ဆိုရင် အဆင်ပြေပေမယ့် သုံးလေးခါ မက မှားပြီဆိုရင် အကောင့် Lock ကျသွားပါမယ်။
အထက် ဖော်ပြပါ အချက်များအတိုင်း အဆင်ပြေပြေ အသုံးပြုသွားရင်ရပေမယ့် Friend Request ကို ၄၊ ၅ ဦးထက်မနည်း ပေးမယ် ။Comment ဇွတ်ပေးမယ် ။Message မပို့ပါနဲ့လို့ တားထားတဲ့ ကြားက ဇွတ်ပို့မယ်။ Link တင်တိုင်း အကခရာ တွေကို မှန်အောင် မရိုက်ထည့်နိုင်ဘူး… စသည်ဖြင့် အားလုံး (သို့မဟုတ်) တစ်ခုခုကို ပြုလုပ်မိရင် အကောင့် ကြိမ်းသေ Lock ကျသွားမှာ ဖြစ်ပါတယ်။
Log in ပြန်ဝင်ခိုင်းပြီး Log in ဝင်ပြီးနောက် ထပ်ကျလာမှာကတော့ ပုံမှာ ပြထားတဲ့ Page လေး ဖြစ်ပါတယ်။ Check Point ဆိုပြီး ဖုန်းနံပါတ် တောင်းပါတယ်။
ဖုန်းနံပါတ် ဖြည့်ခိုင်းခြင်း ဖြစ်ပါတယ်။ မိမိရဲ့ဖုန်းနံပတ်ကို ဖြည့်ပြီး သူက Code နံပါတ်ကို Message ပို့ပေးတယ်ဆိုပါတယ်။ ယင်းရတဲ့ Code နဲ့ အကွက်လေးထဲမှာ ပြန်ဖြည့်ရင် အကောင့်ပြန်ရတယ် လို့ဆိုပါတယ်။ အခြားနိုင်ငံများမှာ အဆင်ပြေပေမယ့် မြန်မာပြည်က ဖုန်းနံပါတ်များနဲ့ တော့ အဆင်ပြေတာ ရှားနေပါတယ်။ အချို ကျတော့ မိမိဖုန်းနံပါတ် ရိုက်ပြီး Message ပို့တယ်ပြောပါတယ်။ အချို့ ကျတော့ Voice call ကလစ်နှိပ်ပြီး ခေါ်မှာ ရတယ်လို့ဆိုပါတယ်။
လက်ရှိ တွေ့ကြုံရသူ တစ်ဦးကတော့ ယခုချိန်ထိ ပြန်မရသေးပါဘူး။ ဖုန်းနံပါတ်ကို ဟန်းဖုန်းဖြစ်ရင် 9 ထပ်ဖြည့်ရိုက်ရပါတယ်။ သို့ပေမယ့် Message လည်းမရ၊ voice call လည်းမရသောကြောင့် အကောင့်ဟာ ယာယီပိတ်သွားတာလား၊ အပြီးပိတ်သွားတာလားကတော့ Facebook Admin များသာ သိရှိမှာ ဖြစ်ပါတယ်။
အကောင့် Lock ကျပြီး ပြန်ရဖို့ကြိုးစားရတာကနောက်မှ ကြိုတင် ဆင်ခြင်ထားတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လက်တလော ပြောင်းလဲနေတဲ့ Facebook Policy ကြားမှာ စာဖတ်သူတို့အကောင့် မပျက်ရန် တိုက်တွန်း ရေးသားမျှဝေ လိုက်ရပါတယ်။
Credit: ​အောင်ခမ်း http://techspacejournal.blogspot.com

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမဘာတစ်လွားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။
ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Eထplorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box  ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။
ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့ ။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရအောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
Source : https://www.facebook.com/techspaceJournal

9/4/12